သံဈေး မီးလောင်မှု လောလောဆယ် လူ ၇၃ ဦး ကယ်ထုတ်ထားနိုင်

 

 

ရန်ကုန်မြို့ လမ်းမတော်၊ သံဈေး မီးလောင်မှုမှာ ဓာတ်လှေကားအတွင်းနဲ့ အထပ်မြင့် အလွှာတွေမှာ လူတွေပိတ်မိနေလို့ ရှာဖွေကယ်ဆယ်ရေးအထူးအဖွဲ့က ကယ်ဆယ်နိုင်ရေးဆောင်ရွက်လျက် ရှိရာမှာ ၈ နာရီ ၅၈ မိနစ် အချိန်အထိ လူ (၇၃)ဦး ကို ကယ်ဆယ်ထားရှိပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်လျက် ရှိတယ် လို့ မီးသတ်ဌာနက သတင်းထုတ်ပြန်ထားပါတယ်။

 

ဖေဖော်ဝါရီ ၂၀ ရက် ဒီနေ့ မနက် ၆ နာရီ ၅ မိနစ် လောက်က စပြီး ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ (၂)ရပ်ကွက်၊ လမ်းမတော်လမ်း၊ သံဈေးမှာ မီးလောင်မှုဖြစ်ပွားနေတာပါ။

 

၆ နာရီ ၂၆ မိနစ် အချိန်မှာ Level 3 အဆင့်၊ ၇ နာရီ မိနဈ ၃၀ အချိန်မှာ Level 4 အဆင့်နဲ့ ၇ နာရီ ၄၅ မိနစ် မှာ Level 5 အဆင့် တိုးမြှင့်ပြီး မီးသတ်ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်နေကာ လက် ရှိ ၉ နာရီ ကျော်အထိ ငြှိမ်းသတ် နေရဆဲ ဖြစ်ပါတယ်။

 

ဓာတ်ပုံ – ရွှေအင်းသားခင်မောင်

 

 

 

 

 

 

 

 

 

Leave a Reply

Your email address will not be published.