လပတ်စာမေးပွဲတွင် သမီးဖြစ်သူမှာ (၁)ဘာသာကျသဖြင့် မိခင်က ဆူပူသဖြင့် စာကျက်နေစဉ် စိတ္ဆိုးကာ See more

 

 

လပတ္စာေမးပြဲတြင္ သမီးျဖစ္သူမွာ (၁)ဘာသာက်သျဖင့္ မိခင္က ဆူပူသျဖင့္ စာက်က္ေနစဥ္ စိတ္ဆိုးကာ… See more

မႏၱေလး ခ်မ္းေအးသာစံၿမိဳ႕နယ္ ကန္ေကာက္ရပ္ကြက္ ကန္ေကာက္ေဟာင္းရပ္၊ၿခံ၀န္းတခုအတြင္းေနအိမ္တြင္ လြန္ခဲ့ေသာမြန္းလြဲ(၂)နာရီအခ်ိန္ခန္႔က အမ်ဳိးသမီးငယ္တဦး ႀကိဳးဆြဲခ်ေသဆံုးမႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ေသဆံုးသူ မ–(အသက္ ၁၆ႏွစ္) မွာ ၁၀ တန္းေက်ာင္းသူျဖစ္ၿပီးအခင္းျဖစ္ပြားရာသို႔ နယ္ေျမရဲစခန္းမွ ရဲအုပ္ႏွင့္အဖြဲ႔၊ ကန္ေကာက္ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ႏွင့္အဖြဲ႔တို႔ သြားေရာက္စစ္ေဆးခဲ့ရာ ေသဆံုးသူ၏ကိုယ္ခႏၶာတြင္ အျခားဒဏ္ရာမေတြ႔ရွိဘဲ လည္ပင္းပြန္းရွဒဏ္ရာျဖင့္ေသဆံုးလ်က္ရွိရာ အေလာင္းကို မႏၱေလးအေထြေထြေရာဂါကုေဆးရံုးႀကီးသို႔ပို႔ေဆာင္ခဲ့သည္။

ျဖစ္စဥ္မွာ ေသဆံုးသူသည္ လပတ္စာေမးပြဲေျဖဆိုရာတြင္ ၁ ဘာသာက်ရံႈးခဲ့ျဖင့္ မိခင္ျဖစ္သူမွဆူပူခဲ့ေသာေၾကာင့္ ေနအိမ္အေနာက္ဘက္တြင္ စာက်က္ေနခဲ့ရာမွ မြန္းလြဲ(၂)နာရီအခ်ိန္ခန္႔တြင္ မ–မွာ အျမင့္(၈)ေပခန္႔ရွိ စိန္ပန္းပင္အား

ပုဆိုးႏွစ္ကြင္းပူးတြဲခ်ည္ေႏွာင္၍ လည္ပင္းစြပ္ကာႀကိဳးဆြဲခ်ခဲ့ရာ အစ္မျဖစ္သူ သီတာေအးမွသိရွိသျဖင့္ ျဖဳတ္ေပးခဲ့စဥ္ အသက္ရႈေနေသးၿပီး ေဆးရံုသို႔ပုိ႔ေဆာင္ရန္ျပဳလုပ္စဥ္ေသဆံုးခဲ့သည္။

“အေမက ညီမေလးကို လပတ္စာေမးပြဲက်လို႔ ဆူလိုက္တယ္။ ညီမေလးက အိမ္ေနာက္ေဘးသြားၿပီး စာက်က္ေနတယ္။ ခဏၾကာေတာ့မွ သြားၾကည့္ေတာ့သစ္ပင္မွာပုဆိုးနဲ႔ႀကိဳးဆြဲခ်ထားတာေတြ႔လို႔ အိမ္သားေတြကိုေျပာလိုက္တာ။

ေဆးရံုပို႔ဖို႔လုပ္ေနတုန္းမွာပဲ ေသဆံုးသြားတယ္။”ဟု ၎၏အစ္မျဖစ္သူက ေျပာၾကားခဲ့သည္။အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ရဲစခန္းမွ အမႈဖြင့္စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

credit

Unicode

လပတ်စာမေးပွဲတွင် သမီးဖြစ်သူမှာ (၁)ဘာသာကျသဖြင့် မိခင်က ဆူပူသဖြင့် စာကျက်နေစဉ် စိတ်ဆိုးကာ… See more

မန္တလေး ချမ်းအေးသာစံမြို့နယ် ကန်ကောက်ရပ်ကွက် ကန်ကောက်ဟောင်းရပ်၊ခြံဝန်းတခုအတွင်းနေအိမ်တွင် လွန်ခဲ့သောမွန်းလွဲ(၂)နာရီအချိန်ခန့်က အမျိုးသမီးငယ်တဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။သေဆုံးသူ မ–(အသက် ၁၆နှစ်) မှာ ၁၀ တန်းကျောင်းသူဖြစ်ပြီး

အခင်းဖြစ်ပွားရာသို့ နယ်မြေရဲစခန်းမှ ရဲအုပ်နှင့်အဖွဲ့၊ ကန်ကောက်ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့်အဖွဲ့တို့ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူ၏ကိုယ်ခန္ဓာတွင် အခြားဒဏ်ရာမတွေ့ရှိဘဲ လည်ပင်းပွန်းရှဒဏ်ရာဖြင့်သေဆုံးလျက်ရှိရာ အလောင်းကို မန္တလေးအထွေထွေရောဂါကုဆေးရုံးကြီးသို့

ပို့ဆောင်ခဲ့သည်။ဖြစ်စဉ်မှာ သေဆုံးသူသည် လပတ်စာမေးပွဲဖြေဆိုရာတွင် ၁ ဘာသာကျရှုံးခဲ့ဖြင့် မိခင်ဖြစ်သူမှဆူပူခဲ့သောကြောင့် နေအိမ်အနောက်ဘက်တွင် စာကျက်နေခဲ့ရာမှ မွန်းလွဲ(၂)နာရီအချိန်ခန့်တွင် မ–မှာ အမြင့်(၈)ပေခန့်ရှိ စိန်ပန်းပင်အား

ပုဆိုးနှစ်ကွင်းပူးတွဲချည်နှောင်၍ လည်ပင်းစွပ်ကာကြိုးဆွဲချခဲ့ရာ အစ်မဖြစ်သူ သီတာအေးမှသိရှိသဖြင့် ဖြုတ်ပေးခဲ့စဉ် အသက်ရှုနေသေးပြီး ဆေးရုံသို့ပို့ဆောင်ရန်ပြုလုပ်စဉ်

သေဆုံးခဲ့သည်။“အမေက ညီမလေးကို လပတ်စာမေးပွဲကျလို့ ဆူလိုက်တယ်။ ညီမလေးက အိမ်နောက်ဘေးသွားပြီး စာကျက်နေတယ်။ ခဏကြာတော့မှ သွားကြည့်တော့

သစ်ပင်မှာပုဆိုးနဲ့ကြိုးဆွဲချထားတာတွေ့လို့ အိမ်သားတွေကိုပြောလိုက်တာ။ ဆေးရုံပို့ဖို့လုပ်နေတုန်းမှာပဲ သေဆုံးသွားတယ်။”ဟု ၎င်း၏အစ်မဖြစ်သူက ပြောကြားခဲ့သည်။အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ရဲစခန်းမှ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

credit

 

 


 

One Comment on “လပတ်စာမေးပွဲတွင် သမီးဖြစ်သူမှာ (၁)ဘာသာကျသဖြင့် မိခင်က ဆူပူသဖြင့် စာကျက်နေစဉ် စိတ္ဆိုးကာ See more”

Leave a Reply

Your email address will not be published. Required fields are marked *