
 

 

Zawgyi







အောင်ကြီး(မြေလတ်ဒေသ)

Unicode

ပထွေးဖြစ်သူမှ သမီးကို အတူအိပ်ရန်ပြောစဉ် မိခင်မှသွား မအိပ်ဖို့တားမြစ်ရာ “အရှက်မကွဲချင်၊မအော်နဲ့”ဟုပြောပြီး… See more

ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ် ပျံချီတက်အုပ်စု ညောင်နီပင်ရွာတွင် (၁၃)နှစ်အရွယ်မိန်းကလေးကို ပထွေးဖြစ်သူမှ သားမယားပြုကျင့်သဖြင့် မိခင်ဖြစ်သူကိုယ်တိုင်

ရဲစခန်းကို လာရောက် တိုင်ကြားခဲ့ကြောင်း သိရသည်။ဖြစ်စဉ်မှာ ယမန်နေ့ ည၁၀ နာရီခန့်တွင် ကျူးလွန်ခံရသူ မိန်ကလေးမ…….၁၃နှစ်၊မ…..၁၁နှစ် နှင့်အတူ မိခင်တရားလိုတို့(၄)ဦးသား အတူအိပ်နေစဉ်

ပထွေးဖြစ်သူ နိင်နိင်စိုး(ခ)ဘီချဲမှ မ…..၁၃နှစ်ကို ၎င်းဘေး၌ လာအိပ်ရန်ပြောရာ အရက်မူးနေသဖြင့် တရားလိုမှ မအိပ်ရန်ပြောဆိုသော်လည်း မရသဖြင့် အတူအိပ်စဉ် ပထွေးဖြစ်သူမှ သမီးဖြစ်သူ မ….၁၃နှစ်အား

သားမယားပြုကျင့်နေသည်ကို မြင်သဖြင့် တားမြစ်ရာ ပထွေးဖြစ်သူ နိုင်နိုင်စိုး(ခ)ဘီချဲမှ ”အရှက်မကွဲချင်ရင် မအော်နဲ့ အော်ရင် ဓါးနှင့်ထိုးမည်”ဟုပြောပြီး ဓါးဦးချွန်အား ဘေးတွင် ချထားကာ သမီးဖြစ်သူအား

သားမယားအဖြစ် ဆက်လက်ပြုကျင့်ခဲ့ကြောင်း နံနက်က နယ်မြေခံရဲစခန်းသို့ လာရောက်တိုင်ကြားကြောင်း သိရသည်။ အဆိုပါအမှုမှ တရားခံနိင်နိင်စိုး(ခ)ဘီချဲကို မှတ်တိုင်ရဲစခန်းမှ အမူဖွင့် ဖမ်းဆီးထားကြောင်း မှတ်တိုင်ရဲစခန်းမှူး ရဲအုပ်မျိုးကျော်သူထံမှ သိရသည်။

အောင်ကြီး(မြေလတ်ဒေသ)

Post Views: 565

 

 

 

One Comment on “ပထွေးဖြစ်သူမှ သမီးကို အတူအိပ်ရန်ပြောစဉ် မိခင်မှသွား မအိပ်ဖို့တားမြစ်ရာ “အရှက်မကွဲချင်၊မအော်နဲ့”ဟုပြောပြီး… See more”

Leave a Reply

Your email address will not be published. Required fields are marked *